Company Profile

MKT Electronic ( Micro MKT Co., Ltd )

MKT Electronic

Managing Director U Myo Kyaw Thu
Business Development IT Manager U Khin Maung Htun

Electrical Engineer

U Hlaing Min Thant

Head Office

အမှတ် ဓ၃/၄၁ ၊ နဝရတ် လမ်းသွယ် ၊ ၆၆လမ်း နှင့် ၆၅ လမ်း ကြား ၊ ၄၁ လမ်း နှင့် ၄၀ လမ်း ကြား ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး
Tel: +95-9 444006564,+95 9 976047814

Email: [email protected]

Website: https://www.mktelectronic.com

Business Lines

Microcontroller Control Unit For engine , Safeguard , Auto Voltage Regulator , Locomotive Diagnostic Display Unit , Locomotive Auto Voltage Regulator, Locomotive DC to DC Converter , Locomotive Voltage to Current Converter , Locomotive Battery Current Meter, Locomotive Engine R.P.M Meter, Locomotive Engine Over Speed Protect Unit, Locomotive Driver Interface Unit, Locomotive Speedometer Unit ..

MKT Electronic ကို ၂ဝဝ၅ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပါသည်။ ကနဦး စတင်ချိန်မှာ Over Voltage Alarm Circuit လေးများကို တည်ဆောက်ပြီး ရောင်းချခဲ့ပါသည်။ ထိုနောက် Over Voltage Alarm Ciruit များမှာ ထုတ်လုပ်မှုကိုရပ်ဆိုင်းပြီး ၊ ၂၀၀၅ ခုနှစ်တွင် တရုပ်မှဝယ်ယူထားသော Sifang & Dalian စက်ခေါင်းများအတွက် Locomotive Voltage Regulator များကို ပြည်တွင်း၌တွင် ထုတ်လုပ်ရောင်းချခဲ့ပါသည်။

ထိုနောက်မှ ၂ဝဝ၅ ခုနှစ်မှစတင်ပြီး PIC Microcontroller ကိုအသုံးပြုပြီး Electronic Speed Switch ( for CAT Engine ) ၊ Engine R.P.M Meter for Krupp Locomotive ၊ ရွာထောင် ဒီဇယ်စက်ခေါင်းရုံ ရှိ K.S.K Locomotive များအတွက် Voltage Regulator 64V for K.S.K Locomotive ကိုပြည်တွင်း၌ အစားထိုးထုတ်လုပ်ပေးခဲ့ပါသည်။

၂ဝဝ၇ ခုနှစ်တွင် RBE railway car automotive ၊ Digital SpeedoMeter for Locomotive ၊ Battery Current & Volt Meter for Locomotive ကိုထုတ်လုပ်ခဲ့ပါသည်။

၂ဝ၁ဝ ခုနှစ်တွင် Battery Current & Volt Meter for Locomotive ၊ Digital Speedometer (MKT-ERU-00)၊ Auto Voltage Regulator ကို တရုပ်နိုင်ငံမှ လှူတန်းသော Sifang China Locomotive များတွင်အသုံးပြုသော AVR များ ကို ပြည်တွင်းမှာအစားထိုး ထုတ်လုပ်ပေးခဲ့သည်။

၂ဝ၁၂ ခုနှစ် တွင် Over Speed Protect Unit for MTU Engine နှင့် Voltage To Current Converter ( TO2 ) Device ကိုပြည်တွင်း၌ အစားထိုးထုတ်လုပ်ပေးခဲ့ပါသည်။

၂၀၁၃ ခုနှစ် တွင် R.P.M Meter for Alstom Locomotive ( GA Type ) ၊ Locomotive Load Test Diagnostic Display ကို ပြည်တွင်း၌ပင် အစားထိုး ထုတ်လုပ်ပေးခဲ့ပါသည်။

၂၀၁၄ ခုနှစ် တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့ ၊ ရွာထောင် မီးရထားစက်ခေါင်းစက်ရုံတွင် စက်ခေါင်းများ KW တိုင်းတာရန် Load Test Control ကို ပြည်တွင်း၌ အစားထိုး တပ်ဆင်ပေးခဲ့ပါသည်။

၂၀၁၆ ခုနှစ် တွင် မြန့်မာ့မီးရထား ၊ တိုင်း (၂) ၊ မှ RBE Railway Car များအတွက် Speedometer & Recorder Unit(MKT-ERU-1) များကို ထုတ်လုပ်ပေးခဲ့သည်။

၂၀၁၈ ခုနှစ် တွင် RBE Railway Car များအတွက် Speedometer & Recorder Unit(MKT-ERU-1) ကို အဆင့်မြင့်တင်ပြီး MKT-ERU-2 ကို Oled Display နှင့်အတူ 4×4 Keypad ထည့်သွင်းတည်ဆောက်လာပြီး မီးရထား ပြေးဆွဲရာလိုအပ်သော အချက်အလက်များ ထည့်သွင်း မှတ်သားလို့ရလာပါသည်။

၂၀၂၀ ခုနှစ်တွင် Speedometer & Recorder Unit(MKT-ERU-3) ကို အသစ်ထပ်မံထုတ်လုပ်ပြီး ၊ ယခင် ထုတ်လုပ်ထားသော Speedometer များကို ” အခမဲ့ ” Software Update လုပ်ပေးခဲ့ပြီး ၊ ထိုသို့ Software Update လုပ်ခြင်း အားဖြင့် MKT-ERU အသုံးပြုသည့် မည်သည့် RBE စက်ခေါင်းများ သည် India နိုင်ငံထုတ် MEDHA Servo Drive PVT.LTD မှ ရေးသားသော Data Analysis Software ကို အသုံးပြုပြီး မီးရထား မတော်တစ ဖြစ်စဉ်များကို အဖြေထုတ်နိုင်ခဲ့ပါသည်။

ကျနော်များ MKT Electronic မှ –
Locomotive spare part နှင့် Embedded Design များ တည်ဆောက်ပေးခြင်း၊
P.C.B Design နှင့် P.C.B Assembly များ ပြုလုပ်ပေးခြင်း၊
Mirco-controller များ နှင့် ပါတ်သက်သော သင်တန်းများပို့ချခြင်း၊
Safeguard ၊ automotive voltage stabilizer ၊ automotive water pump control များအတွက် Microcontoller များ တွင် program ရေးသွင်းပေးခြင်း  အစရှိသည်တို့ကို ဆောင်ရွက်ပေးပါသည်။